WNT Global Issues

Today is 20 May 2012.
Slide Show
About

www.wntglobalissues.com Website ကို ဂလိုဘယ်လိုက်ဇေးရှင်းနှင့်အတူ ဆိုးကျိုးများ ဖြစ်ပေါ်လာသည့်
ပြဿနာအရပ်ရပ်ကို ပြည်သူလူထုတစ်ရပ်လုံး သိရှိနားလည်ကာ ဆောင်ရန်၊ ရှောင်ရန်အတွက် အထောက်
အကူပြုဖြစ်စေရန် ရည်ရွယ်ပြီး ၀က်ဆိုက်ဖွင့်လိုက်ခြင်းဖြစ်ပါသည်။

ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်နှင့်အတူ ဆိုးကျိုးများပေးနေသည့် လူကုန်ကူးမှုသာမက အခြားလူမှုရေးဆိုင်ရာ
ပြဿနာရပ်များကိုပါ ရေရှည်သတိပေး၊ အသိပေးနိုင်ရန်အတွက် Global Issues ဟု ၀က်ဆိုက်လိပ်စာတပ်ထား
ပါသည်။

အထူးသဖြင့် လူထုအကျိုးပြုဖြစ်စေရန် ရည်ရွယ်ပါသည်။ ၂၀၀၇ ခုနှစ်မှစ၍ ကျွန်တော်ရေးသားခဲ့သော လူကုန်ကူး
ပညာပေးဆောင်းပါးများကို ထပ်ဆင့်ကြည့်ရှုလေ့လာနိုင်ရန်၊ ကိုးကားနိုင်ရန်ဖော်ပြထားပါသည်။

လူကုန်ကူးမှုသည် ယခုကာလမှဖြစ်ပေါ်လာခြင်းမဟုတ်၊ ရှေးပဝေသဏီကပင် ကျွန်ပြုသည့်ခေတ်ကတည်းက
ရှိခဲ့သည်။ ယခု နည်းပညာ တိုးတက်လာသည်နှင့်အမျှ ၊ကမ္ဘာကုန်သွယ်မှု၊ စီးပွားရေးပုံစံပြောင်းမှုအပေါ်လိုက်ပြီး
ခေတ်သစ်ကျွန်ပြုစနစ်၊ လုပ်နည်းလုပ်ဟန်နှင့် ဥပဒေမဲ့ပြစ်မှုကျူးလွန်မှုများလည်း အထွေထွေအပြားပြားပြောင်းလဲနေ
သည်။ တရားသေသတ်မှတ်၍မရ။

ပြည်တွင်းလူကုန်ကူးမှုများအပြင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများသည် ခေတ်ရေစီးကြောင်းအရ ရွေ့ပြောင်း
သွားလာ အလုပ်လုပ်ကိုင်ကြရာမှ ဖြစ်လာရခြင်းဖြစ်သည်။ ထိုအန္တရာယ် ကာကွယ်တိုက်ဖျက်ရန်မှာ နိုင်ငံအချင်းချင်း
ပူးပေါင်းဆောင်ရွက်မှုက အရေးပါလာပြန်သည်။ ထိုသို့ဆောင်ရွက်ကြရာတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ သတင်းဖလှယ်
ကြခြင်းသည် လျှင်မြန်ရန်လိုအပ်လာပြန်သည်။ ထိုကြောင့် အင်တာနက်ကိုအသုံးပြုကြရသည်။ ပြစ်မှုကျူးလွန်သူများ
သည်လည်း အင်တာနက်ကိုအသုံးပြုကာ နယ်စပ်ဖြတ်ကျော် အုပ်စုဖွဲ့ပြစ်မှုကျူးလွန်သည့် ရာဇ၀တ်မှုများလည်းရှိ
လာနေသည်။

ထိုရာဇ၀တ်မှုများ တိုတ်ဖျက်ရေးနှင့် ကာကွယ်ရေး၊၊ ပြည်သူလူထုသို့ အသိပေးရေးတို့သည် ဟန်ချက်ညီ
ညီဆောင်ရွက်လုပ်ကိုင်ကြမှသာ ထိုအန္တရာယ်ဆိုးများကို ကာကွယ်နိုင်၊ တိုတ်ဖျက်နိုင်မည်သာဖြစ်သည်။

ထိုသို့သောရည်ရွယ်ချက်ဖြင့် အများသူငါ အမြန်ဆုံးသိရှိစေရန်၊ သတင်းအချက်အလက်များဖလှယ်နိုင်ရန်၊
လူကုန်ကူးမှုအပြင် အခြားခေတ်သစ် ပြစ်မှုကျူးလွန်မှုမျိုးများအား သိရှိကာကွယ်နိုင်ရန်အတွက်
www.wntglobalissues.com က တစ်ထောင့်တစ်နေရာက အကျိုးပြုလိမ့်မည်ဟု ယုံကြည်မိပါသည်။

 

Latest News & Activities



» Achievements of Myanmar Anti‐Trafficking Effort: Numbers‐at‐a‐Glance


» Border Cooperation on Anti-Trafficking in Persons (BCATIP)


» လူကုန်ကူးပညာပေးလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ


» ရွှေ့ ပြောင်းအလုပ်သမားများအတွက် ပြင်ဆင်ခြင်း

 

လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်

 

home11.jpghome12.jpghome21.jpghome22.jpghome23.jpg

Stop Humam Trafficking

 

Publications

book-12 နယ်စပ်က အခမဲ့ကူလီ
- ၀င်းနိုင်ထွန်း
(NEW)
book-6 ရေနစ်သူ ၀ါးကူထိုးသူများ
- ၀င်းနိုင်ထွန်း
magazine-3 အခမဲ့ ကူလီထမ်းသူများ
- ၀င်းနိုင်ထွန်း
magazine-6 မနောမြေမှ လူမှောင်ခိုမှု
- ၀င်းနိုင်ထွန်း

Useful Links







Who's Online

We have 1 guest online

Visitors

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday34
mod_vvisit_counterYesterday40
mod_vvisit_counterThis week34
mod_vvisit_counterLast week274
mod_vvisit_counterThis month790
mod_vvisit_counterLast month1135
mod_vvisit_counterAll days12723